ရွှေနားဆင် အသံသွင်းစာအုပ် အသုံးပြုသူများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

ရွှေနားဆင် ဝန်ဆောင်မှု

ရွှေနားဆင် ဝန်ဆောင်မှုဆိုသည်မှာ မိမိတို့ မိုဘိုင်းလ်ဖုန်း မှ အသုံးပြုသူများ ပိုမိုလွယ်ကူ၊ ကောင်းမွန်စေရန် စီစဉ်ဖန်တီးထားသည့်  မြန်မာသီချင်းများစွာနဲ့ မြန်မာအသံစာအုပ်ကောင်းများစွာကို တစ်နေရာတည်းတွင် ခံစားနိုင်သော ရွှေနားဆင် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။

ရွှေနားဆင် ဝန်ဆောင်မှု ရယူနိုင်သော နည်းလမ်းများ

ရွှေနားဆင် ဝန်ဆောင်မှုကို MPT, ATOM, Ooredoo, KBZPay စသည်တို့ကို အသုံးပြု၍ ရွှေနားဆင် application မှသော်လည်းကောင်း၊ ရွှေနားဆင် website မှတစ်ဆင့်သော်လည်းကောင်း၊ KBZPay MiniApp မှ တစ်ဆင့်သော်လည်းကောင်း ဝန်ဆောင်မှုရယူနိုင်ပါသည်။

၆လ ပရိုမိုးရှင်း Campaign

ဇွန်လ ၂၀၂၄ မှ နိုဝင်ဘာလ ၂၀၂၄ ခုနှစ်ထိ ၆လကြာ ပရိုမိုးရှင်း ပြုလုပ်ထားပါသည်။ ဤ ပရိုမိုးရှင်းတွင် ပါဝင်လိုသူများ အနေဖြင့် MPT sim ဖြင့် ရွှေနားဆင် အသံသွင်းစာအုပ် ဝန်ဆောင်မှု ရယူရမည်ဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလ ၆လပြီးဆုံးသွားပါက MPT ဖြင့် ဝန်ဆောင်မှုရယူထားသူများထဲမှ တစ်ယောက်ကို ရွေးချယ်ပြီး Samsung Galaxy Z Flip 5 ကို မဲဖောက်ပေးမည်ဖြစ်ပါသည်။

၁ပတ် ပရိုမိုးရှင်း Campaign

အပတ်စဉ် ဗုဒ္ဓဟူး နေ့တိုင်း MPT sim ဖြင့် ရွှေနားဆင် ဝန်ဆောင်မှုရယူသူများထဲမှ ၁၀ ယောက်ကို ရွေးချယ်ပြီး တစ်ယောက်လျှင် ဖုန်းဘေလ် ၃၀၀၀ စီ ဖြည့်ပေးမည် ဖြစ်ပါသည်။

ကန့်သတ်တားမြစ်ချက်များ

  • Shwe Nar Sin ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် စီးပွားဖြစ်အသုံးပြုခွင့်မရှိပါ။ ဤဝန်ဆောင်မှုသည် အသုံးပြုသူ၏ တစ်ကိုယ်ရည်နှင့် အကျိုးအမြတ်အတွက် မဟုတ်သော အသုံးပြုမှုအတွက်သာ ဖြစ်သည်။ အသုံးပြုသူအနေဖြင့် ဝန်ဆောင်မှုအား ရယူရာတွင် (၁) Shwe Nar Sin မှ စီစဉ်ပေးထားသော ကြားခံစနစ် မဟုတ်သည့် အခြားနည်းလမ်းများကို အသုံးပြုခြင်း၊ (၂) ဝန်ဆောင်မှုများရယူရာတွင် Robot၊ Spider၊ Scraper၊ Script၊ Web Crawler များအသုံးပြု၍ နှောင့်ယှက်ခြင်းများ ပြုလုပ်ခြင်းနှင့် အခြားအလိုအလျောက် နည်းလမ်းများကို အသုံးပြုခြင်း၊ (၃) ဝန်ဆောင်မှုကို ရယူခြင်း၏ ဇာတ်မြစ်ကို ဖုံးကွယ်ရန်အတွက် Identifier ကုဒ်နံပါတ်များကို အတုအပပြုလုပ်ခြင်း၊ အချက်အလက်များကို လိုသလိုပြုပြင်ခြင်း (၄) Shwe Nar Sin ဆာဗာ အား ပျက်ဆီးစေမည့်လုပ်ရပ်များ၊ ဆော့ဖ်ဝဲလ်များ အသုံးပြုခြင်း (၅) နှောင့်ယှက်ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့်စာများ၊ အီးမေးလ်များရေးသားခြင်း၊ ဗိုင်းရပ်စ်ပါသောဆော့ဖ်ဝဲလ်များ အသုံးပြုခြင်းများကို လုံး၀ မပြုလုပ်ပါဟု သဘောတူပါသည်။
  • အသုံးပြုသူသည် Shwe Nar Sin ဝန်ဆောင်မှုကို Shwe Nar Sin ဝန်ဆောင်မှုမှ သတ်မှတ်ပေးထားသော စည်းကမ်းများနှင့် သတ်မှတ်ချက်များဘောင်အတွင်းကသာ အသုံးပြုရမည် ဖြစ်သည်။ အသုံးပြုသူအနေဖြင့် Shwe Nar Sin ဝန်ဆောင်မှုက သတ်မှတ်ပေးထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်၍သော်လည်းကောင်း၊ သတ်မှတ်ချက်များကို မလိုက်နာဘဲ ကျော်လွန်၍သော်လည်းကောင်း Shwe Nar Sin ဝန်ဆောင်မှုကို အသုံးပြုခြင်း၊ Shwe Nar Sin ဝန်ဆောင်မှု၏ Social Media စာမျက်နှာများဖြစ်သည့် Facebook ၊ Instagram ၊ YouTube နှင့် Web Page များကို Shwe Nar Sin ဝန်ဆောင်မှုမှ သက်ဆိုင်ရာ တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက်မရှိဘဲ ရယူသုံးစွဲခြင်းများ မပြုလုပ်ပါဟု သဘောတူပါသည်။
  • ဤဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်အဖြစ် ဝန်‌ဆောင်မှုများအား ဥပဒေနှင့်မညီသည့် မည်သည့်ရည်ရွယ်ချက်အတွက်မှ အသုံးပြုမည်မဟုတ်ကြောင်းကို အသုံးပြုသူမှ အာမခံသည်ဖြစ်သည်။ ဝန်ဆောင်မှုများကို အသုံးပြုမှုနှင့် စပ်လျဉ်းသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေနှင့် ပြဋ္ဌာန်းဥပဒေအရပ်ရပ်ကို လိုက်နာရန် အသုံးပြုသူမှ သဘောတူသည်ဖြစ်သည်။